Kyee Shwe & Sister

Personal Protective Equipment Supplier Company

FOOT PROTECTION

Foot protection is to protect the foot from any injury at the workplace (or) while moving. Since the foot is an important prat of the body, it needs strong protection,
Even if a foot becomes injured it can cause temporary (or) permanent problems in daily activities. Safe and secure shoes and boots are the best way to protect the feet.

When working in wet environment, one can receive foot injuries due to various reasons such as falling (or) slipping, falling of heavy objects, piercing of sharp objects, and exposure to heat and toxic liquid. Foot protective equipment must be used in workplaces to protect against these hazards.

Protective footwear tends to have specifications that can give specified protection. Since there are various kinds of protective footwear such as protect against falling of heavy objects, protect against falling (or) slipping, prevent foot injury and protect against chemical products and toxic liquid, so the issue of foot protection would only be safe and secure when you correctly choose suitable and high-quality for your workplace.

ခြေထောက်အန္တရာယ်ကာကွယ်ရေး ပစ္စည်းများ

ခြေထောက်အန္တရာယ် ကာကွယ်မှုဆိုသည်မှာ ခြေထောက်အား အလုပ်ခွင် (သို့) လှုပ်ရှားနေစဉ်အတွင်း မည်သည့်ထိခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ ခြေထောက်သည် ခန္ဓာကိုယ်၏အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သောကြောင့် ခိုင်မာသောကာကွယ်မှုလိုအပ်ပါသည်။ ခြေတစ်ဖက်ဒဏ်ရာရသွားလျှင်ပင် နေ့စဉ်လှုပ်ရှားမှုများကို ခေတ္တ (သို့) အမြဲတမ်း အခက်အခဲများ ရှိသွားနိုင်ပါသည်။ ဘေးကင်း လုံခြုံသည့် ဖိနပ်များနှင့် ဘွတ်ဖိနပ်များသည် ခြေထောက်များကိုကာကွယ်ရန် အကောင်းဆုံးနည်းလမ်း လိုအပ်ပါသည်။

စိုစွတ်သော ပတ်ဝန်းကျင်များတွင် အလုပ်လုပ်ရသောအခါ လှိမ့်ကျခြင်း (သို့) လျောခြင်း၊ လေးလံသော အရာဝတ္တုများ ပြိုလဲပြုတ်ကျခြင်း၊ ချွန်ထက်ခြင်း (သို့) ချွန်ထက်သော အရာဝတ္တုများဖြင့် ထိုးဖောက်ခံရခြင်း၊ အပူနှင့် အဆိပ်အတောက်ဖြစ်စေသော အရည်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ စသည့် အကြောင်းအမျိုးမျိုးကြောင့် ခြေထောက် အန္တရာယ်ဖြစ်ရခြင်းများ၊ ကြုံတွေ့ရတတ်ပါသည်။ ထိုအန္တရာယ်များကို ကာကွယ်ရန် လုပ်ငန်းခွင်များတွင် ခြေထောက်ကာကွယ်ရေး ပစ္စည်းများကို မဖြစ်မနေအသုံးပြုသင့်ပါသည်။

ခြေထောက်အန္တရာယ် ကာကွယ်ပေးသည့် ဖိနပ်များတွင် သတ်မှတ်ထားသော အကာအကွယ်ပေးနိုင်သည့် သတ်မှတ်ချက်များ ရှိကြပါသည်။ အမြင့်မှ ပြုတ်ကျလာသော လေးလံသော အရာဝတ္တုများမှ ကာကွယ်ရန်၊ ခြေဖဝါးအား ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန်၊ ဓာတုပစ္စည်းများနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော အရည်များမှ ကာကွယ်ရန် စသည့် ကာကွယ်ရေးဖိနပ် အမျိုးမျိုးရှိသောကြောင့် မိမိလုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်ပြီး အရည်အသွေးမြင့် ဖိနပ်များကို မှန်ကန်စွာ ရွေးချယ်အသုံးပြုမှသာ ခြေထောက်အန္တရာယ် ကာကွယ်ရေးအတွက် လုံခြုံစိတ်ချရမည်ဖြစ်ပါသည်။

Safety footwear EN ISO 20345

Occupational footwear EN ISO 20347