Kyee Shwe & Sister

Personal Protective Equipment Supplier Company

FALL PROTECTION

Falling can cause severe injuries and even deaths; it is one of the main reasons for severe-injuries-and deaths. Fall protective equipment can protect against severe injuries and deaths.

Working at any height can cause injuries. For example, workers can receive Severe injuries if they fall from areas that are at least 10 feet (3 meters) high such as roof, forklift., ladder, or scaffolding,

Workplaces where the workers have to work on steep surfaces and edges also tend to have the danger of falling,

Regardless of height, protections are required in workplaces where the workers have to work on hazardous tools and machines.

Guardrails should be used as many as possible to protect workers from falling, It is also crucial to correctly choose protective equipment that meets standards in particular workplace. It is especially important to correctly install the equipment you are using.

The protective equipment needs to be inspected occasionally and carrying out regular inspection before it is used can prevent severe injuries and deaths.

Regardless of height, protections are required in workplaces where the workers have to work on hazardous tools and machines.

 

အမြင့်မှပြုတ်မကျစေရန် ကာကွယ်ပေးသည့်ပစ္စည်းမျာ

အမြင့်မှ ပြုတ်ကျခြင်းသည် ပြင်းထန်သော ဒဏ်ရာများနှင့် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်ပွားစေနိုင်ပြီး ပြင်းထန်သော ဒဏ်ရာရရှိမှုများနှင့် အသက်သေဆုံးမှုများအနက် အဖြစ်အများဆုံးသော အကြောင်းတရားတစ်ခုလည်း ဖြစ်ပါသည်။ အမြင့်မှပြုတ်မကျစေရန် ကာကွယ်ပေးသည့်ပစ္စည်းများမှ ပြင်းထန်သောထိခိုက် ဒဏ်ရာရခြင်းနှင့် အသက်အန္တရာယ်ရှိခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

အမြင့်တွင် အလုပ်လုပ်ရခြင်းမှာ မည်သည့်အကွာအဝေးမဆို ဒဏ်ရာရရှိနိုင်သော အလုပ်ဖြစ်ပါသည်။ ဥပမာအားဖြင့် မြင့်မားသော ခေါင်မိုး၊ ဖော့ကလစ်၊ လှေကား၊ ငြမ်းစသည့် အနည်းဆုံး ၁၀ ပေ (၃-မီတာ) အမြင့်ရှိသည့် နေရာများပေါ်မှ ပြုတ်ကျလျှင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများရရှိနိုင်ပါသည်။ မတ်စောက်သော မျက်နှာပြင်များ၊ အစွန်အဖျားများတွင် အလုပ်လုပ်ရသော လုပ်ငန်းခွင်များတွင်လည်း အမြင့်မှပြုတ်ကျနိုင်သည့် အန္တရာယ်များ ရှိတတ်ကြပါသည်။

အမြင့်အကွာအဝေး မည်သို့ပင်ရှိစေကာမင အန္တရာယ်ရှိသော ကိရိယာများနှင့် စက်ယန္တရားများပေါ်တွင် အလုပ်လုပ်ရသော လုပ်ငန်းခွင်းများ၌ ကာကွယ်မှုများပေးရန် လိုအပ်ပါသည်။
အမြင့်မှ ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် တတ်နိုင်သမျှ လက်ရန်းများကို အသုံးပြုသင့်ပါသည်။ လုပ်ငန်းခွင်အလိုက် စံချိန်စံညွန်းများနှင့် ကိုက်ညီသော အကာအကွယ်ပစ္စည်း ကိရိယာများကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ မိမိအသုံးပြုသော ပစ္စည်းကိရိယာများကို မှန်ကန်စွာ တပ်ဆင်အသုံးပြုရန်လည်း အထူးလိုအပ်ပါသည်။ အကာအကွယ်ပစ္စည်းမျာကို အခါအားလျော်စွာ စစ်ဆေးရန်လိုအပ်ပြီး အသုံးမပြုမီ ပုံမှန်စစ်ဆေးခြင်းဖြင့် ကြီးမားသော ထိခိုက်ဒဏ်ရာများ ရရှိခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်းတို့မှ ကင်းဝေးစေနိုင်ပါသည်။